top of page

Sheffield Hallam University, UK

SHU.jpg

🇬🇧 UK (အင်္ဂလန်နိုင်ငံ) မှာ တက္ကသိုလ်တက်ပြီး နိုင်ငံတကာအတွေ့အကြုံတွေနဲ့ အောင်မြင်တဲ့အလုပ်အကိုင်တစ်ခုရဖို့ စိတ်ကူးနေပါသလား? ဒါဆိုရင်တော့ Maxer Education ကနေ UK ရဲ့ ထိပ်တန်း Public University တစ်ခုဖြစ်တဲ့ Sheffield Hallam University မှာ ပညာသင်ယူဖို့ အခွင့်အလမ်းတွေကို မိတ်ဆက်ပေးချင်ပါတယ်။📣

 

ဘာကြောင့် Sheffield Hallam University ကို ရွေးချယ်သင့်တာလဲ။❓

Sheffield Hallam University ဟာ ၁၈၄၃ ခုနှစ်ကတည်းက ပညာရေးသမိုင်းကြောင်း ရှည်ကြာခဲ့တဲ့ Sheffield School of Design ကနေ စတင်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ တရားဝင် University အဖြစ် အသိအမှတ်ပြုခံခဲ့ရတာပါ။ UK မှာ အကြီးဆုံးနဲ့ ရေပန်းအစားဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်က ကျောင်းသား ၃၀,၀၀၀ ကျော် ပညာသင်ယူနေကြပါတယ်။ ဒ့ါအပြင် သူ့ရဲ့ လက်တွေ့ကျတဲ့ သင်ကြားရေးပုံစံနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ပြင်ဆင်ပေးမှုတွေကြောင့်လည်း နာမည်ကြီးပါတယ်။

 

🔴 Career-Focused Education: သင်ရိုးညွှန်းတမ်းတွေဟာ အလုပ်အကိုင်အတွက် တိုက်ရိုက်အသုံးဝင်အောင် ရေးဆွဲထားတာကြောင့် ဘွဲ့ရပြီးတာနဲ့ အလုပ်ခွင်ထဲ ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။ ဘွဲ့ရပြီး ၆ လအတွင်း အလုပ်ရရှိမှု သို့မဟုတ် ဆက်လက်ပညာသင်ယူမှု အဆင့်ဟာ ၉၃% အထိ မြင့်မားပါတယ်! 📈

 

🔴Industry Placements: သင်ယူနေစဉ်မှာပဲ နှစ်စဉ် Placements ပေါင်း ၂၃,၀၀၀ ကျော် ကနေ လက်တွေ့အလုပ်အတွေ့အကြုံတွေ ရရှိနိုင်ပါတယ်။ Sony, BP, Cisco, BBC, Shell နဲ့ HSBC လို ကမ္ဘာကျော် အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။

 

🔴Excellent Teaching Quality: ၂၀၂၀ ခုနှစ်မှာ The Sunday Times Good University Guide ကနေ "University of the Year for Teaching Quality" ဆုကို ချီးမြှင့်ခြင်းခံရပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှု အရည်အသွေးက အလွန်ကောင်းမွန်ပြီး ကျောင်းသားတွေကိုလည်း စိတ်ပါဝင်စားအောင် သင်ကြားပေးပါတယ်။

 

🔴High Rankings: UK ရဲ့ ထိပ်တန်း University Guide တွေမှာ အမြဲတမ်း ထိပ်တန်း ၈၅ နေရာအတွင်း ပါဝင်ပါတယ်။ အထူးသဖြင့် Building, Physiotherapy, Social Policy, Hospitality, Tourism and Events, Materials Technology စတဲ့ ဘာသာရပ်တွေမှာ Top 20 ထဲမှာ ပါဝင်ပါတယ်။

 

🔴Outstanding Student Support: နိုင်ငံတကာ ကျောင်းသားတွေအတွက် အကောင်းဆုံး ပံ့ပိုးမှုတွေနဲ့ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ပေးပါတယ်။

 

🔴Affordable Student City: Sheffield မြို့ဟာ UK မှာ ကျောင်းသားတွေအတွက် နေထိုင်စရိတ် အသက်သာဆုံး မြို့တွေထဲက တစ်ခုပါ။ အဆောင်စရိတ်၊ အစားအသောက်၊ သယ်ယူပို့ဆောင်ရေး အားလုံးက တခြားမြို့ကြီးတွေနဲ့ ယှဉ်ရင် ပိုသက်သာပါတယ်။ မြို့ကြီးပေမယ့် လုံခြုံပြီး ဖော်ရွေတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။

 

🔴Vibrant Campus Life: ဘာသာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေအပြင် အားကစားကလပ်ပေါင်း ၄၀ ကျော်နဲ့ Societies ပေါင်း ၈၀ ကျော်ရှိပါတယ်။ ဒါကြောင့် ပညာရေးဘေးမှာ ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကို လေ့လာဖို့၊ သူငယ်ချင်းအသစ်တွေ ရရှိဖို့ အခွင့်အလမ်းတွေ အများကြီးပါပဲ။

 

📚 Sheffield Hallam University တွင်သင်ယူနိုင်သောဘာသာရပ်များကတော့

 

💢 Undergraduate (Bachelor's Degree) Programs 

(English Proficiency Requirements IELTS 6.0 or equivalent)

▪️Business & Management (International Business,Finance & Accounting, etc)

▪️Engineering & Technology (Computer Science,Civil Engineering, etc)

▪️Arts, Humanities & Social Sciences (Communications & Media Studies, etc)

▪️Sciences (Biology,Environmental Science, etc)

▪️Creative Arts & Design (Fashion Design,Graphic Design, etc)

 

💢 Postgraduate (Master's & Ph.D.) Programs:

(English Proficiency Requirements IELTS 6.0 or equivalent)

▪️MSc International Business Management

▪️MBA (Master of Business Administration)

▪️MSc Project Management

▪️MSc Public Health

▪️MSc Cyber

▪️MSc Data Analytics

▪️MA Digital Media Management

▪️MSc Construction Project Management

▪️MSc Logistics and Supply Chain Management

💢 Foundation Program's

 

For more programs, please visit the website

 

Program Start Date

-Foundation & Master Program (September ,January )

-Bachelor Program (September)

 

Ready to Build Your Future? 

Sheffield Hallam University မှာ ပညာသင်ယူဖို့ အခွင့်အလမ်းတွေကို စိတ်ဝင်စားရင်တော့ အခုပဲ Maxer Education ကို ဆက်သွယ်လိုက်ပါနော် School Application Process ကိုအခမဲ့ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

 

Please feel free to contact us if you need nay further information.

- Page Chat Box

- Via telephone

- Viber, Whatsapp, Botim, Telegram

-----------------------------------------------

Maxer Education Services

🏡 Room (3005), Level 2, Taw Win Center(Pyay Road), Dagon Township, Yangon, Myanmar

⏱️ Monday to Friday (9:00am to 5:00pm)

⏱️ Saturday (9:00am to 3:00pm)

☎️ 09 754 827 009

☎️ 09 788 944 742

bottom of page