top of page

Ohlone College, USA

Ohlone College.jpg

✨ မြန်မာကျောင်းသားတွေရဲ့ ရွေးချယ်မှု၊ Maxer Education ရဲ့ Partner - Ohlone College အကြောင်း သိကောင်းစရာ! ✨
🇺🇸 အမေရိကန်နိုင်ငံ၊ California ပြည်နယ်က Ohlone College အကြောင်း ပြောပြပေးပါမယ်။

📍 Ohlone College ဘယ်မှာရှိလဲ?
Ohlone College ဟာ California ပြည်နယ်မှာ တည်ရှိပြီး Main Campus ကတော့ Fremont မြို့မှာပါ။ 

🎓 ဘာလို့ Ohlone College ကို ရွေးချယ်သင့်တာလဲ?
Ohlone College ဟာ လက်ရှိ မြန်မာကျောင်းသားအများဆုံး တက်ရောက်သင်ကြားနေတဲ့ အကောင်းဆုံး Community College တွေထဲက တစ်ခုပါ။ သူ့ရဲ့ ထူးခြားတဲ့ သင်ကြားမှုအရည်အသွေး (Teaching Quality)၊ ခေတ်မီတဲ့ အဆောက်အဦတွေ (Unique Facilities) နဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ (High Employability) ကြောင့် Rating ကောင်းကောင်းရရှိထားတဲ့ နိုင်ငံတကာထိပ်တန်းကောလိပ်တစ်ခုပဲ ဖြစ်ပါတယ်။

📚 ဘယ်ပရိုဂရမ်တွေ သင်ကြားနိုင်မလဲ?
Associate Degree Program မှာဆိုရင် Fine Arts, Entertainment Design and Technology, Game Design and Animation, Graphic and Interactive Design, Interior Design, Music, Business Administration, Biology, Computer Science, Communication Studies, Health Information Technology, Engineering, Cybersecurity, Liberal Arts, Environmental Studies, Social Science စတဲ့ ပရိုဂရမ်ပေါင်း ၁၈၉ ခု နဲ့ အခြား Certificate Programs များစွာကို သင်ကြားနိုင်ပါတယ်။

🚀 Top University တွေဆီ လွယ်ကူစွာ Transfer လုပ်နိုင်!
Ohlone College ဟာ UC Berkeley, University of California San Diego (UCSD) တို့လို University of California System ထဲက ကျောင်းတွေနဲ့ California State University System ထဲက ကျောင်းတွေမှာ ဆက်လက်တက်ရောက်ချင်တဲ့ ကျောင်းသားတွေအတွက် Transfer Rate မြင့်မားတဲ့ Top Community College တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဘွဲ့ဒီဂရီ ဆက်တက်ဖို့ စိတ်ကူးထားတယ်ဆိုရင် Ohlone College ဟာ အကောင်းဆုံးလမ်းကြောင်းတစ်ခုပါပဲ။

ဝင်ခွင့်လိုအပ်ချက်များ
Ohlone College မှာ လျှောက်ထားဖို့ အသက် ၁၈ နှစ်အောက်ဖြစ်စေ၊ ၁၈ နှစ်အထက်ဖြစ်စေ၊ High School ပြီးထားသူတိုင်း ဒါမှမဟုတ် High School နဲ့ညီမျှတဲ့ GED နဲ့ English Proficiency Requirement ပြည့်စုံရင် လျှောက်ထားလို့ရပါပြီ။
English Language Proficiency Test လိုအပ်ချက်များ:

  • IELTS: 5.5

  • Duolingo: 95

  • TOEFL: (iBT - 57, PBT - 490 or higher), Computer-Based Test (CBT) 163 or higher
     

🗓️ ဘယ်အချိန်တွေမှာ ကျောင်းစတက်လို့ရလဲ?
Ohlone College မှာ Academic Program အတွက် Spring Semester (ဇန်နဝါရီ) နဲ့ Fall Semester (သြဂုတ်) ဆိုပြီး ၂ ခုရှိပါတယ်။

🌟 Maxer Education နဲ့ လျှောက်ထားခြင်းရဲ့ အားသာချက်!
Ohlone College က Maxer Education နဲ့ Partnership ပါရှိတာကြောင့် Maxer မှာ လာရောက်လျှောက်ထားမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် အခြားကျောင်းတွေနဲ့ ယှဉ်လိုက်ရင် ကျောင်းလျှောက်ရာမှာ အင်မတန် အဆင်ပြေ လွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်။

bottom of page